Sunday, June 30, 2013

Starting ADO.Net

ADO.Net နဲ့ database create လုပ်တာကိုပြောသွားမယ်...  ဒီအပိုင်းက စပြီး နောက်ပိုင်းလေးတွေက နဲနဲလေး ခက်လာတယ်... သေချာဂရုစိုက်ပြီး လုပ်မှရလိမ့်မယ်... ကျောင်းကပေးတဲ့ လေ့ကျင့်ခန်းတွေကို စက်ထဲမှာ မစမ်းကြည့်ရင် သဘောတရားကို နားလည်ဖို့ ခက်လိမ့်မယ်..။
ပထမဆုံး ကျနော်တို့ Visual Studio 2010 ကို ဖွင့်မယ်.... start page မှာ view ဆိုတဲ့ Tab ကိုဖွင့် view ထဲက server explorer ကိုဖွင့်မယ်.....

server explorer ထဲမှာ Data Connection ဆိုတာရှိတယ် .. အဲဒီ အပေါ်ကို right-click ထောက်ပြီး Create New Sql Server Database... ဆိုတာကို နှိပ်လိုက်





Sql server create လုပ်တဲ့ နေရာမှာ server name ကို .\sqlexpress လို့ ပေးပြီးတော့ database name ကိုတော့ std လို့ ပေးပါမယ်...(ကြိုက်တဲ့နာမည်ပေးလို့ ရပါတယ်... ကိုယ်ပေးခဲ့တဲ့ နာမည်အတိုင်း program ရေးတဲ့အခါ ထည့်တာ မှန်ရပါမယ်)



Ok ကို နှိပ်လိုက်ပြီးရင် server explorer ကိုပြန်ကြည့်... အဲဒီမှာ .\sqlexpress ဆိုပြီး server တစ်ခုပေါ်လာလိမ့်မယ်...။ အဲဒါကို expand လုပ်လိုက် ပြီးရင် Table ဆိုတာကို right-click ထောက်ပြီး ADD New Table ဆိုတာကို နှိပ်လိုက်...


Table တစ်ခုပေါ်လာလိမ့်မယ်... အဲဒီထဲမှာ Column တွေထည့်ရမယ်... ဥပမာ. ကျနော် create လုပ်ထားတာက student ဆိုတဲ့ database ဆိုတော့ student နဲ့ ဆိုင်တဲ့ rno, name, dob, address အဲဒီ columns တွေထည့်လိုက်မယ်... Data Type တွေတော့ သူပေးတဲ့အတိုင်းထည့်လို့ ရတယ်... dob ကိုတော့ Date လို့ထည့်ပေါ့...။

ပြီးရင် Table ကို save လုပ်မယ်... Table name ပေးတဲ့အခါကျရင် ကိုယ်ပေးခဲ့တဲ့ နာမည်ကို မှတ်ထားပါ..။ VB program နဲ့ချိတ်တာကျရင် အဲဒီနာမည်မှန်မှရမယ်... မဟုတ်ရင် Error တက်မှာ...



server explorer ထဲက Table ထဲမှာပြန်ကြည့်ကြည့် ... students ဆိုတဲ့ table တစ်ခုတွေ့ လိမ့်မယ် အဲဒီ  students ဆိုတာကို right-click လုပ်ပြီး Show Table Data ကို နှိပ်လိုက်...

Data ထည့်ရမယ့် နေရာ တွေ့ လိမ့်မယ်... အဲဒီမှာ Data တွေထည့်ထားရမယ်... စာမေးပွဲမှာတော့ထည့်ရမယ့် data ကိုပေးထားမယ်ထင်တယ်(LabTest ပြောတာနော်) ကျနော်ကတော့ အောက်ကပုံအတိုင်း Data တွေထည့်ထားလိုက်ပြီ။

Data တွေထည့်ပြီးရင် ကျနော်တို့ Database ဆောက်ခြင်းကိစ္စပြီးပြီ...။ VB program ရေးတာကို ဆက်သွားရအောင်...  File-> New Project နဲ့ project တစ်ခုလုပ်လိုက်မယ်... အဲဒီမှာ Form တစ်ခုရလိမ့်မယ်.. အဲဒီ Form မှာ Button တစ်ခုထည့်မယ်... Toolbox ကနေ button ဆိုတာကို နှိပ်ပြီး Form မှာဆွဲပေးလိုက်ရုံပဲ.. Toolbox ကို မမြင်ရရင် View-> Toolbox ကိုနှိပ်လိုက်...  Form က အောက်ကပုံအတိုင်း ဖြစ်သွားလိမ့်မယ်...


ပြီးရင် Form ပေါ်က Button ကို စိတ်ကြိုက်ပြင်ပေါ့ဗျာ... ညာဘက်အောက်နားလေးမှာ properties box ရှိတယ်.. ပြီးသွားရင် Form ပေါ်က Button ကို ၂ ချက်နှိပ်လိုက်... ကုတ်ရေးရမယ့်နေရာရောက်သွားလိမ့်မယ်။
ကျနော်ရေးတဲ့အပုဒ်က ကျောင်းက စာရွက်ထဲက Example 1 ပါ... code တွေကိုတော့ အဲဒီကနေကြည့်လိုက်တော့ ကျနော်မရေးပြတော့ဘူး... သတိထားရမှာက data source ထည့်တဲ့နေရာမှာ ကိုယ် create လုပ်ခဲ့တဲ့ .\sqlexpress ဆိုတာကို မှန်အောင်ထည့်ဖို့ ...။ database name ကိုမှန်အောင်ထည့်ဖို့ နဲ့ table name မှန်ဖို့ ပဲ....။
ပြီးရင်တော့ run ကြည့်ပေါ့ဗျာ... အောက်က ပုံအတိုင်းရလာရင်တော့ မှန်လို့ပေါ့... မရရင်တော့ Error ရှိနေပြီ...  error တက်တဲ့အခါကျရင် အောက်ဘက်နားလေးမှာ box လေးတစ်ခုထွက်လာတယ်.. အဲဒီမှာ လိုင်းနံပါတ် ဘယ်လောက်မှာ Error တက်တယ်ဆိုတာ ပြပေးတယ်ဗျ... အဲဒီနေရာလေးသွားပြင်လိုက်ရင် ပိုလွယ်တယ်..။ တော်တော်များများက Error ဆိုဘာမှမလုပ်တတ်တော့တာများတယ်။။။


ဒီတိုင်းဆို ကျနော်တို့ program မှန်သွားပြီ.. နောက်ပိုင်း program တွေက ဒီထက် ရှုပ်လိမ့်မယ်...အဲတော့ များများလေ့ကျင့်ပါလို့ ပဲ ပြောချင်ပါတယ်....

No comments:

Post a Comment