1. if ... else statements
if (condition)
code to be executed if condition is true;
else
code to be executed if condition is false;
if .... else statement ဆိုတာက အားလုံးသိပြီးတဲ့အတိုင်းပဲ... :D condition စစ်ရင် သုံးတာ... ဥပမာ... ၁ ဖြစ်ရင် မှန်မယ်.... ၂ ဖြစ်ရင်မှားမယ်ပေါ့...။ ၃ နှစ်လုံးလုံး programming ဆိုတာကြီးကို ကြေကြေညက်ညက် သင်ခဲ့ပြီးသားဆိုတော့ ရှင်းပြနေစရာမလိုတော့ပါဘူး...။ အောက်က ကုတ်လေးတွေကိုကြည့်လိုက်...
<html>
<body>
<?php
$d = date("D");
if ($d == "Fri")
echo "Have a nice Weekend!";
else
echo "Have a nice Day!";
?>
</body>
</html>
ဒီ program မှာဆိုရင် d ဆိုတဲ့ variable တစ်လုံးကို Date ဆိုတဲ့ type နဲ့ယူလိုက်တယ်။ အဲဒီ Date က စက်ထဲမှာ run တဲ့အခါကျရင် current date အနေနဲ့ ၀င်သွားမှာ... ကျနော်က စနေနေ့မှာ ရေးတဲ့အတွက်... လက်ရှိ စနေ ဆိုတဲ့ date အနေနဲ့ ၀င်သွားမှာ...။ ပထမဆုံး if နဲ့ ကျွန်တော်တို့ စစ်တယ်... အဲဒီ $d က Fri ဖြစ်လားလို့ စစ်တယ်...။ ဖြစ်တယ်ဆိုရင် Have a nice Weekend! လို့ ပြမယ်... မဖြစ်ဖူးဆို Have a nice Day လို့ ပြမယ်။ ဒါဘဲ... ဘာမှမခက်ဘူး..။
2. Else....if Statements
else ... if ကို သုံးတာက condition 2 ခုထက်ပိုတဲ့အခါမှာ သုံးတယ်ပေါ့။ ဥပမာပြောရရင် 0 ဖြစ်လား ၊ 1 ဖြစ်လား.. ဒါမှမဟုတ် ကျန်တာလား.. (အနှုတ်ကိန်း၊ ဒဿမကိန်း ) အဲလိုမျိုးပေါ့။
ခုနက program လိုပဲလုပ်ကြည့်တာပေါ့...
<html>
<body>
<?php
$d=date("D");
if ($d=="Fri")
echo "Have a nice weekend!";
elseif ($d=="Sun")
echo "Have a nice Sunday!";
else
echo "Have a nice day!";
?>
</body>
</html>
ဒီ program မှာ Fri ဖြစ်လားလို့ ပဲစစ်တာမဟုတ်တော့ဘူး။ elseif နဲ့ Sun ဖြစ်သေးလားလို့ ထပ်စစ်သေးတယ်။
ကျန်တာတော့ ဒီတိုင်းပါပဲ။ Output က စက်ထဲက current date ပေါ်မူတည်ပြီး ထွက်လာမှာ။
3. Switch Statement
switch (expression)
{
case : code;
beak;
case : code;
break;
default : code;
break;
}
Conditional Statement ထဲမှာ switch case က နဲနဲလေးတော့ ရှုပ်တယ်....(နဲနဲလေးပါ :D ) သူ့ ရဲ့ format ကတော့ အပေါ်မှာ ပြထားတဲ့ အတိုင်းပဲ။ အဲဒါတွေက သိပြီးသားတွေပါ။
program ကိုကြည့်ကြည့်မယ်။
<html>
<body>
<?php
$x=4;
switch ($x)
{
case 1:
echo
"Number 1";
break;
case 2:
echo "Number 2";
break;
case 3:
echo "Number 3";
break;
default:
echo "No number between 1 and 3";
}
?>
</body>
</html>
x ဆိုတဲ့ variable ထဲကို 4 ထည့်ထားတယ်...။ case 1 ဆိုတာက အဲဒီ x က 1 ဟုတ်လားလို့  စစ်တာ... ဟုတ်ဆိုရင် Number 1 လို့ ပြမယ်... Case 2, case 3 ကလဲ အဲလိုပဲ ... နောက်ဆုံး default case နဲ့မှ True ဖြစ်တဲ့ အတွက် output က No number between 1 and 3 ဆိုပြီးထွက်လာမယ်... ကိုယ့်ဘာကိုရေးကြည့်တဲ့အခါကျရင် variable x ထဲက တန်ဖိုးကို ပြောင်းပြီးရေးကြည့်ပေါ့။
ကျူတိုရီယယ်ကို ebook အနေနဲ့ ဒေါင်းချင်ရင်Download
No comments:
Post a Comment