ကျွန်တော်တို့  php program တွေကို html keywords လေးတွေ နဲ့ ရေးကြည့်ရအောင်...။
ဒီ ပုဒ်စာက အခန်းထဲမှာ ဆရာမရေးပေးသွားတဲ့ ပုဒ်စာပါ...။ ဆရာမရေးပေးသွားတာက html ချည်းပဲ ရေးပေးတာ.. ကိုယ့်ဘာကို php ပုံစံပြောင်းရေးတဲ့...။ သူရေးပေးတဲ့ html ချည်းပဲတော့ ရေးမပေးတော့ဘူးဗျာ...။ php program ပဲရေးကြတော့မယ်။ ရေးခိုင်းတာက table လေးတစ်ခုပါ... html သင်တုန်းက ရေးရတယ်လေ... <tr> တွေ <td> တွေသုံးပြီးရေးရတာ..။ အောက်မှာကြည့်လိုက်ပါ။
<html>
<head> </head>
<body>
<?php
echo "<table border =1>";
echo "<tr> <td> Name </td>";
echo " <td> Roll No </td>";
echo " <td> Location </td>";
echo "</tr>";
echo "<tr> <td> Maung Maung </td>";
echo " <td> 3CS 1 </td>";
echo " <td> Yangon </td>";
echo "</tr>";
echo "<tr> <td> Aye Aye </td>";
echo " <td> 3CS 2 </td>";
echo " <td> Mandalay </td>";
echo "</tr>";
echo "<tr> <td> Hsu Hsu </td>";
echo " <td> 3CS 3 </td>";
echo " <td> NayPyiTaw </td>";
echo "</tr>";
echo"</table>";
?>
</body>
</html>
keywords တွေက သိပြီးသားတွေမို့ လို့ တစ်ခုချင်းရှင်းမနေတော့ဘူးဗျာ... အရေးကြီးတာက html ကုတ်တွေကို ရေးမယ်ဆို ရှေ့ ကနေ echo ဆိုတာ သုံးပြီး " (double coute) ထဲမှာ html ကုတ်ကိုရေးရပါမယ်..။ တစ်ခုအကြံပေးချင်တာက program ရေးတဲ့အခါကျရင် စာအုပ်ထဲမှာပဲ ရေးရေး.. စက်ထဲမှာပဲ ရေးရေး ... ကုတ်တွေကို ရှင်းရှင်းလင်းလင်း ဖြစ်နေအောင် ရေးဖို့ပါပဲ...။ အဲဒါဟာ နောက်ပိုင်းကျရင် အရေးကြီးလာတာတွေ့ လိမ့်မယ်...အခုက ကုတ်တွေ သိပ်မရှုပ်သေးဘူး..။ နောက်ပိုင်းကျရင် ကုတ်တွေ များလာတဲ့အခါ ကိုယ်ရေးတဲ့ program ကိုတောင် ကိုယ်မဖတ်တတ်ရင် စာမေးပွဲမှာ အမှတ်ခြစ်တဲ့ ဆရာမဆို ပိုဆိုးတော့မှာပေါ့...။ သယ်ရင်းတို့ အတွက်ပြောတာပါ... :)
ခုနက ကုတ်တွေကို test2.php လို့ save လုပ်ပြီး run ကြည့်ပါ...။
php program run တာကို အ၇င်ကပြောပြီး ပြီနော်.... မသိသေးရင် ပြန်ကြည့်ဦး..။
အောက်ကပုံလိုမျိုး table တစ်ခုတွေ့ လိမ့်မယ်....။
Bingo!
No comments:
Post a Comment