အခန်းထဲမှာ ဆရာမရေးပေးသွားတဲ့ မေးခွန်းပါ... မေးခွန်းကို ebook (pdf) လုပ်ပြီးတင်ပေးထားပါတယ်။ ဘာလို့ လဲဆိုတော့ print ထုတ်ပြီးပဲကြည့်ကြည့်... ဖုန်းထဲထည့်ပြီးပဲကြည့်ကြည့် အဆင်ပြေလို့်ပါ... ဒေါင်းလို့လဲ အဆင်ပြေမှာပါ... size သေးသေးလေးပါ... ၁ မိနစ်တောင်မကြာပါဘူး။
Download
မေးခွန်းကိုတော့ ဖတ်ကြည့်ကြပါဦးနော်... ဘာမေးလို့ မေးထားမှန်းမသိ... ထည့်ရမယ့် Data တွေဘာမှန်းမသိဖြစ်နေဦးမယ်..။ :D
ပထမဆုံး database တစ်ခုဆောက်ရမယ်...
mysql> create database NYOBOOKSHOP;
username နဲ့ password ပေးခိုင်းသေးတယ်... (username က ကိုယ့်ရဲ့ ခုံနံပါတ်၊ password ကတော့ 'CUSTUDENT')
mysql> create user 3cs000 identified by 'CUSTUDENT';
Table 3 ခု ဆောက်ရမယ်... ဆောက်ရမယ့် table တွေကို မေးခွန်းမှာပေးထားတယ်...
mysql> create table CUSTOMER (CNO CHAR(5) PRIMARY KEY, CNAME CHAR(20), ADDRESS CHAR(10));
mysql> create table BOOK(BNO char(5) primary key, BTITLE char(10), AUTHOR char(20), PRICE numeric(10));
mysql> create table SALE(CNO CHAR(5), BNO CHAR(5), DATE date,QTY CHAR(5), primary key(CNO,BNO), foreign key(CNO) references CUSTOMER(CNO) on delete cascade, foreign key(BNO) references BOOK(BNO) on delete cascade);
အပေါ်က table 3 ခု ဆောက်တဲ့နေရာမှာ ကျနော် Uppercase တွေနဲ့ lowercase တွေကို ရောရေးပြထားတယ်... table နာမည်တွေ column နာမည်တွေက လွဲရင် ကျန်တဲ့ keyword တွေက case sensitive မဖြစ်ဘူးဆိုတာ သိစေချင်လို့ ပါ... အကြီးပဲ ဖြစ်ဖြစ် အသေးပဲ ဖြစ်ဖြစ် မှန်ပါတယ်... (စာလုံးပေါင်းတော့မှန်အောင်ရေးပေါ့).. :D
ကိုယ်ဆောက်ခဲ့ table တွေမှန် မမှန်ကို ပြန်ကြည့်ချင်သေးတယ်ဆို describe table tablename; နဲ့ ပြန်ကြည့်လို့ရတယ်..
table ထဲကို Data တွေထည့်မယ်... ထည့်ရမယ့် data တွေကလဲ မေးခွန်းမှာ ပါပြီးသား... လွယ်လွယ်လေးတွေမို့  ကျနော်တော့ Skip လိုက်ပြီ... (အဲလိုမှ မလုပ်ရင် မေးခွန်းကို ဘယ်သူမှ ဖတ်တော့မှာ မဟုတ်ဖူးးး ) :D
SALE table ထဲကို Data ထည့်တဲ့အခါကျရင် နဲနဲ ခက်လိမ့်မယ်.. ဘယ်နေရာခက်လဲဆိုတော့ Date ကိုထည့်တဲ့အခါ ခက်မယ်... အောက်မှာထည့်ထားတာကြည့်ကြည့်ပါ..
mysql> insert into SALE values("1","2","2012-6-5","1");
Mysql ရဲ့  format က yyyy-mm-dd အဲလိုသွားတာမို့လို့ပါ... Table ဆောက်တုန်းက ကျနော်တို့ Date နဲ့ ကြေငြာခဲ့တယ်လေ... အဲလိုမှမဟုတ်ဘဲ ဒီတိုင်း June 5,2012 အဲလိုရေးချင်တယ်ဆိုရင်တော့ CHAR နဲ့ကြေငြာခဲ့ပေါ့... ဒါလေးပါပဲ... ကျန်တာကိုယ့်ဘာကို ဆက်လုပ်လို့ရပြီ။ :D
အကုန်ထည့်ပြီးရင် နံပါတ် ၁ မေးခွန်းကိုဖြေကြည့်မယ်... လူတိုင်းဖြေတတ်ပါတယ်.. လွယ်လွယ်လေးးးး
mysql> select * from CUSTOMER;
နံပါတ် ၂ မေးခွန်းက SALE table ထဲကို record တစ်ခုထည့်ခိုင်းတာ... insert နဲ့ထည့်ပေါ့.. ;)
mysql> insert into SALE values("3","5","2012-6-12","1");
နံပါတ် ၃ က BOOK Table ထဲက data တစ်ခုကို Update လုပ်မှာ... မေးခွန်းကို ကြည့်လိုက် .. ဘယ် row ကို ပြင်ရမှာလဲဆိုတာ...
mysql> Update BOOK set AUTHOR="ChitSanWin" where BNO=2;
နံပါတ် ၄ မေးခွန်းက CUSTOMER table ထဲက
mysql> delete from CUSTOMER where CUSTOMER.CNO =3;
ဒီ နံပါတ် ၄ မှာ SALE table ကိုဆောက်တုန်းက foreign key တွေကြေငြာတဲ့နေရာမှာ on delete cascade ဆိုတာကို မထည့်ပေးခဲ့ရင် error တက်နေမှာပါ... အဲလိုဆိုရင်တော့ table ကို drop လုပ်ပြီး အသစ်ပြန်လုပ်တော့...
နောက်ဆုံးမေးခွန်းကလဲ နဲနဲလေးပဲ ခက်တာပါ (ခက်တယ်လို့တောင်ပြောလို့ မရပါဘူး) :D
mysql> select CNAME from CUSTOMER,BOOK,SALE where
-> SALE.CNO=CUSTOMER.CNO and
-> SALE.BNO=BOOK.BNO and
-> BOOK.AUTHOR="MaMaLay";
အဲလိုဆို အဖြက
Mya Mya
Su Su
အဲလိုလေးရလိမ့်မယ်... အတတ်နိုင်ဆုံးတော့ ရှင်းပြထားပါတယ်... အဖြေသိရဖို့ ကြည့်တာထက်...နားလည်သွားအောင် ကြည့်စေချင်ပါတယ်... များများလေ့ကျင့်ပေါ့ဗျာ..။
နောက်ဆိုရင် DBMS ကို အစအဆုံးရေးမပြတော့ဘူး... နားလည်သင့်နေပြီလို့ ထင်ရတာတွေကို ချန်ခဲ့ပြီး တကယ်အရေးကြီးတဲ့ အပိုင်းတွေကို ပဲ ရှင်းပြသွားတော့မှာ... :D
Sunday, July 7, 2013
Saturday, July 6, 2013
Java Black Book
ခု့ ချိန်ထိတော့ ဒေါင်းလော့ လင့် မတွေ့ သေးလို့ ................. ဒီအတိုင်းဖတ်လို့ ရတဲ့ လင့်ပဲ ထည့်ပေးလိုက်ပါတယ် ကျောင်းက အခု့ သင်နေရတဲ့ Java စာအုပ်ပါ အဆင်ပြေပါစေ...................................... Java Black Book
Thursday, July 4, 2013
Java apk
ကဲ ................ second year တွေ အတွက်ပါမက......... အခြား programming လေ့ လာသူတွေ အတွက်ပါ သင့်တော်တဲ့  ဖုန်းapk လေးတစ်ခု့ ပေးချင်ပါတယ် ရှင် Learn to java ဆိုတဲ့ apk လေးပါ အဆင်ပြေမယ် ထင်ပါတယ် ဒီမှာဒေါင်းပါရှင့်
Monday, July 1, 2013
Java and Java Script
second year အတွက် java applet ရေးဖို့ ကတော့ အားလုံးသိတဲ့ အတိုင်း eclipse နဲ့ jdk လိုပါတယ် အာ့ တွေ ကို ကျွန်မ upload တင်ပေးဖို့ စဉ်းစားသော်ညားလဲ .......... ဖိုင်size က နည်းနည်းလေးကြီးတော့  lab ခန်းထဲမှာ ပဲ ဆရာမတွေ ဆီက တောင်းလိုက်တော့ နော် ............. ကျေးဇူးတင်ပါတယ် ရှင့်  :p ..............လေ့ကျင့်ခန်းတွေ တော့  Java ရော Java Script ပါ တင်ပေးပါမယ် ....................
HCI for second year
ပထမဦးဆုံး second year အတွက်
post တင်ပေးတာ နောက်ကျတဲ့ အတွက် တောင်းပန်ပါတယ်ရှင်
ဒီနေ့ တော့  second year မှာ မိတ္တူဆွဲပြီး သင်ပေးနေတဲ့  HCI စာအုပ်ကို ebook လေးတင်ပေးမယ်နော်
နောက်နေ့ တွေ တော့ lab ခန်းထဲ မှာ စာမမှီတဲ့ သူတွေ အတွက် exercises တွေ ပါ တင်ပေးပါမယ် နော် ^_^
ဒီမှာ ဒေါင်းပါရှင်

DBMS Practical 2 for 3rd years
ဒီအပုဒ်က အခန်းထဲမှာ ဆရာမရေးပေးတဲ့ အပုဒ်ပါ... မေးခွန်းက ရှည်တော့ ebook လေးလုပ်ထားတယ်။ သိမ်းထားပြီး Lab Test တွေနီးမှ ပြန်ကြည့်လဲ ရတာပေါ့။ အောက်မှာမေးခွန်းကို အရင်ဒေါင်းလိုက်ပါ။
Download
အရင်ဆုံး Database တစ်ခုအရင်ဆောက်မယ်။ ကျနော် စက်ထဲမှာ run ရမယ့် ကုတ်တွေကို အစိမ်းရောင်နဲ့ ပြပေးထားတယ်။
mysql> create database pra2;
Query OK, 1 row affected (0.01 sec)
mysql> use pra2;
Database changed
ပြီးရင် table တွေထည့်ကြမယ်... အရင်ဆုံး Student table ကိုအရင်ထည့်မယ်... (မေးခွန်းမှာ table ပုံစံပါတယ်) Query Ok တို့ Database Changed တို့ ဆိုတာက ကျနော်တို့ လုပ်ခဲ့တဲ့ process မှန်တယ်ဆိုတာကို ပြပေးတာပါ..။ နောက်ဟာတွေကျရင် ကျနော်အဲဒါလေးတွေ ဖြုတ်ထားခဲ့တော့မယ်။
mysql> create table Student(sid CHAR(5) primary key, sname CHAR(20), major CHAR(10), level CHAR(10),age numeric(10));
table ဆောက်တဲ့နေရာမှာ ကျနော်တို့ primary key တွေ foreign key တွေ သတ်မှတ်ပေးရတယ်... ဘာလို့ လဲ ဆိုတော့ နောက်ဆုံးဆောက်ရမယ့် table မှာ ပထမ table ၂ ခုက column တွေ ပြန်ပါနေလို့ ...အဲဒါကြောင့် Student table ထဲက column တစ်ခုဖြစ်တဲ့ sid က primary ပါ... Enrolled table မှာ ပြန်ပါမယ့် Sid column က foreign key ပါလို့ သတ်မှတ်တာပါ။ အဲဒါတွေ မမှန်ရင် ကျနော်တို့ table တွေ ချိတ်တဲ့အခါကျရင် error တက်မှာ...
နောက် Class table ဆောက်မယ်။
mysql> create table Class(cname CHAR(10) primary key, instructor CHAR(20), room CHAR(5));
နောက်ဆုံးတစ်ခု Enrolled table ဆောက်တာမှာ နဲနဲလေး ဂရုစိုက်ရမယ်... အဲဒီ table မှာprimary key , foreign key တွေ အပြင် on delete cascade ဆိုတာပါနေတယ်။
mysql> create table Enrolled(sid CHAR(5),cname CHAR(10), primary key(sid,cname), foreign key(sid) references Student(sid) on delete cascade, foreign key(cname) references Class(cname) on delete cascade);
ဒီ table မှာ primary key သတ်မှတ်တာတော့ ပြောစရာမလိုတော့ဘူး၊၊ foreign key သတ်မှတ်တာမှာ အနောက်က references ဆိုပြီးလိုက်တာက ကျနော်တို့ foreign key အနေနဲ့ ထားခဲ့တဲ့ column ဟာ ဘယ် table က column ပါဆိုပြီး ကြေငြာလိုက်တာ...
နောက်ပြီး on delete cascade ဆိုပြီးကြေငြာတာက ကျနော်တို့  မေးခွန်း နံပါတ် ၃ က delete လုပ်ခိုင်းတဲ့ အပုဒ်တစ်ပုဒ်.... on delete cascade မတပ်ရင် အဲဒီ အပုဒ်ရေးရင် error တက်နိုင်တယ်...။ ဘာလို့လဲဆိုတော့ ကျနော်တို့ delete လုပ်မယ့် data တွေက Enrolled table ထဲက နေ ကျန်တဲ့ table ၂ ခုလုံးကို ချိတ်ပြီးမှ delete လုပ်မှာမို့ လို့။ ဒါပြီးသွားပြီဆိုရင် ကျနော်တို့ table သုံးခုလုံး ဆောက်လို့ ပြီးသွားပြီ။ table ထဲကို data တွေ ထည့်ရမယ်...။ ထည့်ရမယ့် data တွေကို မေးခွန်းမှာပေးထားတယ်နော်...။ ဘယ်လိုထည့်ရမလဲဆိုတော့ insert into သုံးပြီးထည့်ရမယ်... လွယ်ပါတယ်ဗျာ.. ဒီအဆင့်လေးတော့ ကိုယ့်ဘာကို လုပ်ကြည့်လိုက်... ကျနော် ရေးမပြတော့ဘူး... :D
No-1
အခု နံပါတ် ၁ မေးခွန်း စဖြေမယ်... ကျနော်တို့ လုပ်ရမှာက Student table ထဲကို new information ထည့်ရမှာ... insert နဲ့လုပ်ရမှာနော်... Update လုပ်ရမှာမဟုတ်ဖူးးး မေးခွန်းသေချာဖတ်ကြဦးးးး။
mysql> insert into Student values("203","Grace","Geology","Junior",18);
No-2
Class table ထဲက instructor name Smith ဆိုတာကို ပြင်ခိုင်းတာပါ..။ Update သုံးရမှာပေါ့။
mysql> update Class set instructor="Cindy" where cname="class-C";
No-3
လာပြီ... တစ်ပုဒ်လုံးမှာ အခက်ဆုံးပဲ... (နားလည်သွားရင်လဲ လွယ်သွားတာပါပဲ.. ) :D
mysql> delete Student from Student,Class,Enrolled where
-> Enrolled.cname = Class.cname
-> And Enrolled.sid = Student.sid
-> And Class.room="R-2";
ကျနော်တို့ ဖျက်ချင်တာက Room number R-2 မှာ အပ်ထားတဲ့ ကျောင်းသားတွေရဲ့ information အကုန်လုံးကို delete လုပ်သွားမှာ.. အဲတော့ ကျနော်တို့ table သုံးခုလုံးကြည့်ရမယ်.. Class table ထဲက room ဆိုတဲ့ column ကိုကြည့်မယ်.. အဲဒီ room ထဲမှာမှ R-2 ဆိုတာကိုကြည့်မယ်.. R-2 မှာ အပ်ထားတဲ့ ကျောင်းသားကို တန်းမတွေ့ ရဘူး class name ကိုပဲတွေ့ ရတော့ class-A ဆိုတာကိုမှတ်ထားလိုက်...။ အဲဒါကိုမှ Enrolled Table မှာကြည့်လိုက်တော့ sid ကိုတွေ့ ရပြီ.. အဲဒီ sid ရဲ့ row တစ်ခုလုံးကို ဖျက်မယ်...။ နားလည်မယ်ထင်ပါတယ်။
No-4
သူလဲ ခုနက ဟာနဲ့ သိပ်မကွာဘူး... ဒီမှာကျတော့ room number နဲ့မသွားဘဲ instructor name နဲ့ ကြည့်တာ... ဒီအပုဒ်ကတော့ delete လုပ်ခိုင်းတာမဟုတ်ဖူး. select နဲ့လုပ်ရမှာ....
mysql> select sname from Student,Class,Enrolled
-> where Enrolled.cname = Class.cname
-> and Enrolled.sid = Student.sid
-> and Class.instructor = "James";
ဒီ အတိုင်းရေးလို့ မှန်တယ်ဆိုရင် output လေးတစ်ခုထွက်လာမှာပါ... ။
Mary
Elaine
အဲလိုလေးရလိမ့်မယ်။
No-5
မေးခွန်းက ရှင်းရှင်းလေးမို့ ထပ်ရှင်းမနေတော့ဘူးနော်... မေးခွန်းပဲ ဖတ်ကြည့်လိုက်ပါ.. ဒီမှာ သုံးရမှာက max ဆိုတဲ့ function လေးတစ်ခုသုံးရလိမ့်မယ်... ဘာလို့လဲ ဆိုတော့ အသက်အကြီးဆုံး ကျောင်းသားကိုလိုချင်တယ်လို့ ပြောထားလို့ ...
mysql> select max(age) from Student where
-> Student.major = "Chemistry" or
-> Student.major = "English";
ထွက်လာမယ့် output က 21 ပါ။
No-6
ဒါလေးကတော့ တော်တော်လေးလွယ်ပါတယ်... ။
mysql>select sname from Student;
သူက Student table ထဲက sname တွေချည်းပဲပြသွားလိမ့်မယ်..
No-7
mysql> select sname from Student,Enrolled where
-> Enrolled.sid = Student.sid and
-> Enrolled.cname = "Class-E";
table 2 ခုပဲ ချိတ်သွားတယ်... ဘာလို့ လဲ ဆိုတော့ Class Table ကိုချိတ်စရာမလိုဘူး... မေးခွန်းမှာကြည့်ကြည့်။ သူ့ ရဲ့ output က Empty Set ဆိုပြီးထွက်လာလိမ့်မယ်။
No-8
ဒီမေးခွန်းကလဲ လွယ်ပါတယ်... Table တွေချိတ်စရာတောင်မလိုဘူးးး စာမေးပွဲမှာ အဲလိုလေးဘဲမေးရင် သိပ်ကောင်းမှာ... :D
mysql> select sname from Student where age > 18;
သူနဲ့ သက်ဆိုင်တဲ့ sname တွေထွက်လာလိမ့်မယ်...
That's all ~~~ :D

Sunday, June 30, 2013
Starting ADO.Net
ADO.Net နဲ့ database create လုပ်တာကိုပြောသွားမယ်... ဒီအပိုင်းက စပြီး နောက်ပိုင်းလေးတွေက နဲနဲလေး ခက်လာတယ်... သေချာဂရုစိုက်ပြီး လုပ်မှရလိမ့်မယ်... ကျောင်းကပေးတဲ့ လေ့ကျင့်ခန်းတွေကို စက်ထဲမှာ မစမ်းကြည့်ရင် သဘောတရားကို နားလည်ဖို့ ခက်လိမ့်မယ်..။
ပထမဆုံး ကျနော်တို့ Visual Studio 2010 ကို ဖွင့်မယ်.... start page မှာ view ဆိုတဲ့ Tab ကိုဖွင့် view ထဲက server explorer ကိုဖွင့်မယ်.....
server explorer ထဲမှာ Data Connection ဆိုတာရှိတယ် .. အဲဒီ အပေါ်ကို right-click ထောက်ပြီး Create New Sql Server Database... ဆိုတာကို နှိပ်လိုက်
Sql server create လုပ်တဲ့ နေရာမှာ server name ကို .\sqlexpress လို့ ပေးပြီးတော့ database name ကိုတော့ std လို့ ပေးပါမယ်...(ကြိုက်တဲ့နာမည်ပေးလို့ ရပါတယ်... ကိုယ်ပေးခဲ့တဲ့ နာမည်အတိုင်း program ရေးတဲ့အခါ ထည့်တာ မှန်ရပါမယ်)
Ok ကို နှိပ်လိုက်ပြီးရင် server explorer ကိုပြန်ကြည့်... အဲဒီမှာ .\sqlexpress ဆိုပြီး server တစ်ခုပေါ်လာလိမ့်မယ်...။ အဲဒါကို expand လုပ်လိုက် ပြီးရင် Table ဆိုတာကို right-click ထောက်ပြီး ADD New Table ဆိုတာကို နှိပ်လိုက်...
Table တစ်ခုပေါ်လာလိမ့်မယ်... အဲဒီထဲမှာ Column တွေထည့်ရမယ်... ဥပမာ. ကျနော် create လုပ်ထားတာက student ဆိုတဲ့ database ဆိုတော့ student နဲ့ ဆိုင်တဲ့ rno, name, dob, address အဲဒီ columns တွေထည့်လိုက်မယ်... Data Type တွေတော့ သူပေးတဲ့အတိုင်းထည့်လို့ ရတယ်... dob ကိုတော့ Date လို့ထည့်ပေါ့...။
ပြီးရင် Table ကို save လုပ်မယ်... Table name ပေးတဲ့အခါကျရင် ကိုယ်ပေးခဲ့တဲ့ နာမည်ကို မှတ်ထားပါ..။ VB program နဲ့ချိတ်တာကျရင် အဲဒီနာမည်မှန်မှရမယ်... မဟုတ်ရင် Error တက်မှာ...
server explorer ထဲက Table ထဲမှာပြန်ကြည့်ကြည့် ... students ဆိုတဲ့ table တစ်ခုတွေ့ လိမ့်မယ် အဲဒီ students ဆိုတာကို right-click လုပ်ပြီး Show Table Data ကို နှိပ်လိုက်...
Data ထည့်ရမယ့် နေရာ တွေ့ လိမ့်မယ်... အဲဒီမှာ Data တွေထည့်ထားရမယ်... စာမေးပွဲမှာတော့ထည့်ရမယ့် data ကိုပေးထားမယ်ထင်တယ်(LabTest ပြောတာနော်) ကျနော်ကတော့ အောက်ကပုံအတိုင်း Data တွေထည့်ထားလိုက်ပြီ။
Data တွေထည့်ပြီးရင် ကျနော်တို့ Database ဆောက်ခြင်းကိစ္စပြီးပြီ...။ VB program ရေးတာကို ဆက်သွားရအောင်... File-> New Project နဲ့ project တစ်ခုလုပ်လိုက်မယ်... အဲဒီမှာ Form တစ်ခုရလိမ့်မယ်.. အဲဒီ Form မှာ Button တစ်ခုထည့်မယ်... Toolbox ကနေ button ဆိုတာကို နှိပ်ပြီး Form မှာဆွဲပေးလိုက်ရုံပဲ.. Toolbox ကို မမြင်ရရင် View-> Toolbox ကိုနှိပ်လိုက်... Form က အောက်ကပုံအတိုင်း ဖြစ်သွားလိမ့်မယ်...
ပြီးရင် Form ပေါ်က Button ကို စိတ်ကြိုက်ပြင်ပေါ့ဗျာ... ညာဘက်အောက်နားလေးမှာ properties box ရှိတယ်.. ပြီးသွားရင် Form ပေါ်က Button ကို ၂ ချက်နှိပ်လိုက်... ကုတ်ရေးရမယ့်နေရာရောက်သွားလိမ့်မယ်။
ကျနော်ရေးတဲ့အပုဒ်က ကျောင်းက စာရွက်ထဲက Example 1 ပါ... code တွေကိုတော့ အဲဒီကနေကြည့်လိုက်တော့ ကျနော်မရေးပြတော့ဘူး... သတိထားရမှာက data source ထည့်တဲ့နေရာမှာ ကိုယ် create လုပ်ခဲ့တဲ့ .\sqlexpress ဆိုတာကို မှန်အောင်ထည့်ဖို့ ...။ database name ကိုမှန်အောင်ထည့်ဖို့ နဲ့ table name မှန်ဖို့ ပဲ....။
ပြီးရင်တော့ run ကြည့်ပေါ့ဗျာ... အောက်က ပုံအတိုင်းရလာရင်တော့ မှန်လို့ပေါ့... မရရင်တော့ Error ရှိနေပြီ... error တက်တဲ့အခါကျရင် အောက်ဘက်နားလေးမှာ box လေးတစ်ခုထွက်လာတယ်.. အဲဒီမှာ လိုင်းနံပါတ် ဘယ်လောက်မှာ Error တက်တယ်ဆိုတာ ပြပေးတယ်ဗျ... အဲဒီနေရာလေးသွားပြင်လိုက်ရင် ပိုလွယ်တယ်..။ တော်တော်များများက Error ဆိုဘာမှမလုပ်တတ်တော့တာများတယ်။။။
ဒီတိုင်းဆို ကျနော်တို့ program မှန်သွားပြီ.. နောက်ပိုင်း program တွေက ဒီထက် ရှုပ်လိမ့်မယ်...အဲတော့ များများလေ့ကျင့်ပါလို့ ပဲ ပြောချင်ပါတယ်....

Subscribe to:
Posts (Atom)