Tuesday, August 6, 2013

DBMS Practical (Transaction)

DBMS မှာ Transaction  ပိုင်းကို Lab လုပ်တာ ဒီနှစ်မှ စလုပ်တာပါ။ အဲဒါကြောင့် Lab test မှာမေးမယ်ဆို မေးလို့ ရတာပေါ့နော်..သိပ်တော့မသေချာဘူး။ ဘာပဲဖြစ်ဖြစ် မေးလာရင် ဖြေလို့ ရအောင် ကြိုတင်ပြင်ဆင်ထားသင့်တာပေါ့။ :D
Transaction ပိုင်းက နဲနဲ ရှုပ်တာကလွဲရင် လွယ်လွယ်လေးပါ။ Transaction မှာ Commit နဲ့ RollBack ဆိုပြီး နှစ်မျိုးရှိတယ်... (အောက်မှာ ဥပမာတွေနဲ့ နားလည်အောင် ရှင်းပြထားပါတယ်)
သဘောပြောရရင်... Database တစ်ခုကို User နှစ်ယောက်သုံးတယ်...။ User 1 က table တစ်ခုကို Create လုပ်ထားမယ်။ User 2 ကလဲ အဲဒီ Database ကို သုံးနေတယ်။ အဲဒီအချိန်မှာ Transaction စတယ်။ User 1 က table ထဲက Data တစ်ခုကို Update လုပ်လိုက်တယ်။
တစ်ချိန်ထဲမှာပဲ User 2 က အဲဒီ Table ကို Select * လုပ်ပြီး ကြည့်မယ်။ User 1 က Commit/ Roll back တစ်ခုခု မလုပ်သေးတဲ့အတွက် User 2 ကကြည့်ရင် နဂို Table အတိုင်းပဲ မြင်ရမှာပါ။ Update လုပ်လိုက်တာကိုတော့ User 2 က မြင်ရမှာမဟုတ်ပါဘူး။ Commit/Roll Back တစ်ခုခု လုပ်လိုက်ရင်တော့  User 2 ဘက်မှာပါ Update လုပ်ပြီး Data တွေကို တွေ့ ရမှာပါ။
ဥပမာလေးတစ်ခုနဲ့ ကြည့်တာပေါ့... (ဒီ Sample program က အခန်းထဲမှာ ဆရာမပေးသွားတာပါ)
ပထမဆုံး Database တစ်ခုဆောက်လိုက်မယ်။

mysql> Create Database TRANSACTION;

ပြီးရင်တော့ Database ကိုသုံးမယ်လို့  command တစ်ခုပေးမယ်

mysql> use TRANSACTION;

Table တစ်ခုဆောက်မယ်...

mysql> Create Table account(id integer primary key, balance integer);

Table ထဲကို Data ထည့်မယ်။

mysql> insert into account values (1001,1000),(1002,2000);

Data တွေပြန်ကြည့် ကြည့်မယ်..။

ဒါတွေကို User 1 မှာ လုပ်တယ်လို့ ထားလိုက်.. နောက်ထပ် Mysql Command Prompt တစ်ခုဖွင့်မယ်။ ထုံးစံအတိုင်း root နဲ့ ၀င်လိုက် :D ... အဲဒီ နောက်ထပ်ဖွင့်လိုက်တာက User 2 ပေါ့နော်။ အဲဒီ User 2 ကနေ TRANSACTION Database ကို use လုပ်လိုက်။

mysql> Use TRANSACTION;

အဲဒီကနေပဲ... Select * လုပ်ပြီး Table ထဲက Data တွေကို ကြည့်ကြည့်။

mysql> select * from account;

မြင်ရတယ်နော်... အရင်အတိုင်းပဲ... Data တွေဘာမှမပြောင်းဘူးနော်.... ပုံနဲ့မပြတော့ဘူး တူတူပဲမလို့။


အခု User 1 ကို ပြန်သွားမယ် (ပထမ Mysql Command Prompt)
Transaction method ကိုသုံးဖို့ အတွက် အရင်ဆုံး begin နဲ့ ခေါ်လိုက်မယ်။

mysql> begin;

ဘာမှထွေထွေထူးထူးမရှိဘူးနော်... ပုံမှန်အတိုင်း  Query Ok ..... ပဲပေါ်မှာ။
အခု Update လုပ်တော့မယ်... User 1 ကနေနော်... မရှုပ်သွားနဲ့ဦး။ ;)

mysql> update account set balance = balance - 200 where id = 1001;

balance ထဲကနေ 200 ကို နှုတ်လိုက်တာ... အဲတော့ balance ထဲမှာ 200 လျော့သွားပြီနော်...
ဟုတ်မဟုတ်ပြန်ကြည့်မယ်။။


Ok နော်... 1001 ထဲက balance မှာ 800 ပဲရှိတော့တယ်....
User 2 (ဒုတိယ Mysql Command Prompt) ကို သွားလိုက်...
User 2 ကနေလဲ select * လုပ်ပြီး Data တွေကြည့်ကြည့်လိုက် လျော့သွားလားလို့ 


မလျော့ဘူးနော်... User 2 ဘက်မှာက Data တွေကို Update မလုပ်ခင်က အတိုင်းပဲ မြင်ရမယ်။ ဘာလို့လဲ ဆိုတော့ Commit (or) Roll Back မလုပ်ရသေးလို့ ။  User 1 ဘက်ကနေ Commit လုပ်ကြည့်လိုက်မယ်။

mysql> commit;

ပြီးရင် Select * နဲ့ ပြန်ကြည့်ကြည့်မယ် (User 1 ဘက်ကနေအရင်ကြည့်နော်)

mysql> select * from account;



 Date တွေ Update ဖြစ်သွားတယ်နော်... ကောင်းပြီ.. User 2 ကနေလဲ အဲလို ကြည့်ကြည့်ပါဦး။

mysql> select * from account;


တွေ့ ပြီနော်... User 2 ဘက်က Data တွေပါ ချိန်းသွားတယ်...။ User 2 ဘက်က Data ဆိုပေမယ့် တကယ်က Database တစ်ခုထဲကို User နှစ်ယောက် ပြိုင်သုံးတာပါ။
အခုလုပ်သွားတာက Transaction က Commit နဲ့ လုပ်ပြသွားတာပါ။
နောက်တစ်မျိုး roll back နဲ့လုပ်ကြည့်တာပေါ့။ Roll back ကိုတော့ User 2 ဘက်ကနေ လုပ်ကြည့်မယ်။ ပထမဆုံး User 2 ကနေ begin ဆိုပြီး စလုပ်မယ်။

mysql>begin;

Table ထဲက id= 1002  ရဲ့ balance ကို update လုပ်မယ်။

mysql> update account set balance= balance+500 where id=1002;

table ကိုပြန်ကြည့် ကြည့်မယ်။

mysql> select * from account;

တွေ့ တယ်နော်... id 1002 ရဲ့  balance တန်ဖိုးက 2500 ဖြစ်သွားပီ။ user2 ကိုခဏထား။
user 1 ကနေပြန်ကြည့်ကြည့်မယ်။

mysql> select * from account;




သူ့ မှာတော့ balance တန်ဖိုးမပြောင်းဘူး။ ဘာလို့လဲ ဆိုတော့ Transaction method အတိုင်း commit/ roll back မလုပ်သေးလို့  တစ်ဘက် user မှာ update မလုပ်သေးဘူး။ အခု Roll back လုပ်ကြည့်မယ်။ ဘယ်မှာလုပ်ရမလဲဆိုတော့  user 2 မှာလုပ်ရမှာပေါ့။

mysql>rollback;

roll back လုပ်ပြီးလို့  မှန်သွားပြီဆိုတဲ့ Query Ok ဆိုတာပေါ်လာပြီဆိုရင် ကျွန်တော်တို့ Table ကို ပြန်ကြည့်မယ်။ user 2 ကနေ အရင်ကြည့်မယ်။

mysql> select * from account;
 

တွေ့ ပါတယ်နော်... Table ထဲက id 1002 ရဲ့ တန်ဖိုးက နဂိုတန်ဖိုးအတိုင်းပဲ ပြန်ဖြစ်သွားပြီ။ Update လုပ်တာကို Cancel လုပ်လိုက်တဲ့ သဘောပေါ့။ (commit ဆိုတာကတော့ Update လုပ်တာကို Save လုပ်လိုက်တဲ့ သဘောပါပဲ)
user 1 ကနေ ပြန်ကြည့်ကြည့်ပါဦး။

mysql> select * from account;


သူလဲ ဒီတိုင်းပါပဲ... တန်ဖိုးတွေ မပြောင်းလဲဘဲ ထွက်လာတယ်။
ဒါပါပဲ Transaction ရဲ့ သဘောကို နားလည်မယ်ထင်ပါတယ်။

No comments:

Post a Comment